တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေးတနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၁/၂၀၂၆)သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေးတနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၁/၂၀၂၆)သို့တက်ရောက်

ထားဝယ်           စက်တင်ဘာ ၂၅

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးတနင်္သာရီတိုင်းဒေသကြီး ဒေသ ဆိုင်ရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၆)ကိုယနေ့မွန်းလွဲ ၁ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီနှင့်သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ၇ ခု တို့ကိုဖွဲ့စည်းထားရှိပြီးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အနေဖြင့်လုပ်ငန်းတာဝန် (၁၁) ရပ်ရှိပြီး အဓိကအားဖြင့် လုပ်ငန်းဆပ်ကော်မတီများက ကဏ္ဍအလိုက် လုပ်ငန်းစီမံချက် များရေးဆွဲပြီးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်နယ်စပ် ဒေသများတွင် နေထိုင်ကြသောတိုင်းရင်းသားလူငယ်များ၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို လုပ်ငန်းဆပ်ကော်မတီများကဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး သည် အပြန်အလှန်ဆက်စပ်နေပြီး တိုင်းရင်းသားအချင်းချင်းအပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှုတိုးတက် ဖြစ်ထွန်းစေ ရန်အတွက်လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည်အလွန်အရေးကြီးသောအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်လျက်ရှိကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းမှုရရှိရေး၊ ပြည်ထောင်စု တစ်ဝန်းလုံးတွင်လမ်းပန်းဆက်သွယ်မှုလုံခြုံ ချောမွေ့ စေရေးတို့ကို အဓိကထားပြီး အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုအပ်သလို နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့်ပညာရေး၊ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စီးပွားရေးကဏ္ဍများ တိုးတက်လာစေရန်၊လူမှုစီးပွားဘဝအခြေခံအဆောက်အဦများ၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက် ရေးနှင့်သက်ဆိုင်သောကဏ္ဍအသီးသီးကိုအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆပ် ကော်မတီများအနေဖြင့်ဒေသဆိုင်ရာလုပ်ငန်းကော်မတီနှင့်အပြန်အလှန်ပူးပေါင်း၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးရည်မှန်း ချက်များအားအရှိန်အဟုန်ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရေးနှင့် နယ်စပ်ဒေသ များ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာစေရေးတို့ကို အလေး အနက်ထား အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးရန်ကြီးအောင်က ဒေသဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်း တာဝန်များနှင့်ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်း တင်ပြ ပြီးတွဲဖက်အတွင်းရေးမှူး၊ညွှန်ကြားရေးမှူး၊ ဦးစိုးမင်းအုန်းက ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းပေါ်ပေါက်လာပုံများနှင့်လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြသည်။

ထို့နောက်လုပ်ငန်းဆပ်ကော်မတီများအလိုက် ဆပ်ကော်မတီအဖွဲ့ဝင်များက ဆပ်ကော်မတီဖွဲ့စည်းထားရှိမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်း၊ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်း၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံ ဇာတ ဆိုင်ရာ လုပ်ငန်း၊စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်း၊ပို့ဆောင်ရေး၊ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက် သွယ်ရေးလုပ်ငန်း၊သာသနာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊လူမှုဝန်ထမ်းနှင့်အသက်မွေးဝမ်း ကျောင်းပညာဆိုင်ရာလုပ်ငန်းစသည့်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်း နှင့်ပတ်သက်၍အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက်တိုင်းဒေသကြီးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးဝန်ကြီးများ က ဝန်ကြီးဌာနအလိုက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်လိုအပ်သည့်များကိုဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးတိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ကဆွေးနွေးတင်ပြချက်မျအပေါ်တွင်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြေ ာင်းသတင်းရရှိသည်။







နောက်ဆုံးရ သတင်း