တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၄/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၄/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ထားဝယ်    စက်တင်ဘာ ၂၁


တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၄/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ဥက္ကဋ္ဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရန်ကြီးအောင်က တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုတစ်လလျှင်တစ်ကြိမ်ပုံမှန်ပြုလုပ်ကျင်းပလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း တရား မဝင်ကုန်သွယ်မှုအနေဖြင့်ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းမှတဆင့်နည်းလမ်းမျိုးစုံဖြင့်ဝင်ထွက်သွားလာနေသည်ကို တွေ့ရှိရပြီးကော်မတီအနေဖြင့်စီစစ်ကြပ်မတ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ထို့သို့ဆောင်ရွက်မှသာလျှင်တရားမဝင် ကုန်သွယ်မှုများ  လျော့နည်းပပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့နယ်များတွင်ရှောင်ကွင်း လမ်းကြောင်းများ၊တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများရှိနေသောကြောင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့နှင့်ပူးပေါင်း စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ သတင်းပေးတိုင်ကြားမှုများပိုမိုများပြားလာစေရေးအတွက်တရား မဝင်ကုန်ပစ္စည်များဖမ်းဆီးရမိပါက နိုင်ငံတော်အနေဖြင့် ထိုက်တန်စွာဆုချီးမြှင့်လျက်ရှိကြောင်းကိုသတင်းပေးပြည်သူများ သိရှိနိုင်ရန်အတွက်ကျယ်ပြန့်စွာဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းလိုင်စင်မဲ့မော်တော်ယာဉ်များ၊ ဆိုင်ကယ်နှင့်ယန္တားရားများပိုမိုဖမ်းဆီးရရှိရေးစဉ်ဆက်မပြတ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကျွဲနွားများတရားမဝင် မှောင်ခို ဖြတ်သန်းမှုမရှိစေရေးအတွက်လည်းတာဝန်ရှိသူများ က သေချာစွာစစ်ဆေးဆောင်ရွက်သွားကြရန်လိုအပ် ကြောင်း၊ ထို့အပြင်တိုင်းဒေသကြီးအတွင်း တရားမဝင် ခဲမဖြူသတ္တုများ၊ ဓာတ်သတ္တုများတူးဖော်သယ်ဆောင်ရောင်းချမှု မရှိ စေရေး၊စားသုံးဆီ၊စက်သုံးဆီတရားမဝင်တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုမရှိစေရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များတင်သွင်းအသုံးပြုမှုမရှိစေရေးအတွက် အလေးထားလိုက်နာဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာသောဌာနများအနေဖြင့် မူးယစ်ဆေးဝါးနှင့်တရားမဝင်ကုန်ပစ္စည်းများပိုမို ဖမ်းဆီး ရရှိရေးအတွက်အထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထူးအဖွဲ့ဝင်များ က ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပူးပေါင်းဆောင်ရွက်ရ မည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။




နောက်ဆုံးရ သတင်း