ထားဝယ် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီးလျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိဌာနဆိုင်ရာများနှင့် လုပ် ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ဝင်းအောင် က လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိဌာနဆိုင်ရာများအနေဖြင့် အထက် အကြီးအကဲများလာရောက်စစ်ဆေးရာတွင် မိမိ၏လုပ်ငန်းများ ဆောင်ရွက်ထားရှီမှုအခြေအနေများနှင့်လိုအပ် သည် များကိုစနစ်တကျရှင်းလင်းတင်ပြနိုင်ရေးအတွက် ကြိုတင်၍ ဆောင် ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် အခက်အခဲများနှင့်လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးပေးကြရန်လိုအပ်ပြီးညှိနှိုင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်အောင်တက်ညီလက်ညီကြိုးစား၍ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မိမိဌာန၏ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ ကြိုးစား ဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်းပြောကြားသည်၊
ဆက်လက်၍လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိဌာနဆိုင်ရာတာဝန်ရှိသူများ က တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက်ဌာနအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက် လျက် ရှိသည့်လုပ်ငန်းများ၊ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်လိုအပ်သည်များကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ဝင်းအောင် က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။




